Please Feel Free to send private message about this Web Log . ( awlanmg@gmail.com )

June 20, 2009

မြန်မာရာဇ၀င်လာ စာဆိုများ (ပုဂံခေတ် ၄၀၆ - ၆၆၀ ) ၁။




အနန္တသူရိယ အမတ်


သက္ကရာဇ် ၄၇၃ မှ ၅၃၅ အတွင်းထင်ရှားခဲ့သော စာဆိုဖြစ်သည်။ `သူတည်းတစ်ယောက်´ချီ မျက်ဖြေ လင်္ကာကို နရပတိစည်သူမင်း လက်ထက်တွင် ရေးသားခဲ့၏။


အနန္တသူရိယ အမတ် သည် သက္ကရာဇ် (၅၃၃) ခုတွင် မင်းယဉ် နရသိင်္ခမင်း နန်းတက်တော်မူသော အခါ ၊ မိမိ အထိန်းတော်သား ငယ်ကျွန်တော်ရင်းကို ၊ မင်းသားတို့ အစီးအနင်း ၊အဆောင်အယောင် ကို ပေး၍ အနန္တသူရိယ အမတ် ဟူသော ဘွဲ့ဖြင့် မြှောက်စားချီးမြှင့်ခြင်းခံရလေသည်။

နရပတိစည်သူမင်း က မယုံကြည်၍ ကွပ်မျက်မည်ပြုရာတွင် တင်သွင်းသော မျက်ဖြေလင်္ကာ လေးပိုဒ် သည် မြန်မာရာဇ၀င်တွင် ထင်ရှားသည်။




အနန္တသူရိယ အမတ် နှင့် ပါတ်သက်သော အကြောင်းအရာများ


မင်းယဉ်နရသိင်္ခ မင်း နှင့် ပါတ်သက်၍ ဦးကုလား မဟာရာဇ၀င် တော်ကြီး ၊ တွင်းသင်းရာဇ၀င် ၊မှန်နန်းရာဇ၀င်တော်ကြီး ၊ ဇာတာတော်ပုံ ….အစရှိသော မြန်မာရာဇ၀င်လာ ကျမ်းများ က တညီတညွတ်တည်း မင်းစည်း စိမ် ၃ နှစ် ၊ ညီတော် နရပတိစည်သူ နှင့် ဆက်နွယ်သော ရာဇ၀င် ( ဝေဠုဝတီ ၀ါးမင်းသမီး ၊ ငဆောင်ချမ်း ၊ မြင်းခံတော်ငပြည့် ၊ အောင်စွာငယ် ၊ အနန္တသူရိယ အမတ်… အစရှိသည်ဖြင့်) အထင်အရှား ဖော်ပြခဲ့ကြသော်လည်း ၊ ခေတ်သစ်သမိုင်းပညာရှင်များက နရသူ နှင့် နရပတိစည်သူ မင်းအကြားတွင် မင်းဆက်ဟူ၍ရှိကြောင်း အထောက် အထား မရှိသည့်အပြင် တဆက်တည်း ဆက်ခံကြောင်း အထောက်အထားတချို့ အပေါ် မူတည်၍ မင်းယဉ်နရသိင်္ခ မင်း ၏ တည်ရှိ မူ အပေါ် သံသယ၀င်ကြပါသည် ။


ထို့အပြင် နရသူမင်း မှ စ၍ရေတွက်လျှင် ၇ဆက်မြောက် နေရာဖြစ်သော ဥစ္စနာမင်း နှင့် နရသီဟပတေ့ မင်းအကြားတွင် တည်ရှိကြောင်း အထောက်အထားတွေ့ရှိ ထားသော “မင်းယဉ်” မင်းနှင့် ပါတ်သက်၍ မြန်မာ ရာဇ၀င် စာအုပ် များ က လုံးဝမဖော်ပြထားသည့်အတွက် လည်း မင်းယဉ်နရသိင်္ခ ဟူသော အသုံးအနှုန်း အတွက် တည်ရှိမူ ကို သံသယ ဖြစ်ခဲ့ကြသည်။

မင်းယဉ်နရသိင်္ခ မင်း ဟူ၍ မရှိခဲ့ပါလျှင် အနန္တသူရိယ အမတ် ဟူ၍ ရှိပါမည်လား ဟူသော သံသယ ဖြစ်ဖွယ်အချက် ကို ထပ်ဆင့်၍ တွေးတောစရာ အချက် မှာ အနန္တသူရိယ အမတ် ကြီး ရေးသားခဲ့သည်ဟု မှတ်တမ်းတင် ခြင်းခံခဲ့ရသော "ဓမ္မတာ" မျက်ဖြေလင်္ကာ ၏ သုံးစွဲထားသော စကားလုံး များ၏ ဇစ်မြစ်လေ့လာမူဖြစ်သည်။


မြန်မာရာဇ၀င် အစောင်စောင်က အကိုးအကားပြုခြင်း ခံရသော ၊ စနစ်တကျ ပထမဆုံးရေးသားသည့် မြန်မာရာဇ၀င်ကျမ်း ဖြစ်သော ၊ တနင်္ဂနွေမင်း (အင်းဝခေတ်) တွင် ပညာရှိ ဦးကုလား စီရင်ရေးသားသော ဦးကုလား မဟာ ရာဇ၀င်ကြီး မတိုင်မီက ကျမ်းအဆူဆူ တွင် အထောက်အထား ဟူ၍ ရေရေရာ မရှိခဲ့သော "ဓမ္မတာ" မျက်ဖြေလင်္ကာ ၏ သုံးစွဲထားသော စကားလုံး အချို့တို့သည် အနန္တသူရိယ အမတ် ကြီး တို့ တည်ရှိစဉ် ပုဂံခေတ် က မသုံးစွဲသေးသော ၊ သုံးစွဲကြောင်း အထောက်အထား မရှိခဲ့သေးသော အင်းဝခေတ်သုံး စကားလုံးများ ပါဝင်နေမှု က လည်း သံသယ၀င်စရာ အချက် တချက် ဖြစ်ပါသည်။ ဥပမာ အားဖြင့် ရှိခိုးကော်ရော် ဟူသော စကားလုံး ၊ ကြိုက်လတွန်မှု ဟူသော စကားလုံး။


ယင်းသို့ သော အချက်များကြောင့် လင်္ကာ ၏ တည်ရှိမှုတရား ကို သံသယ ဖြစ်ဖွယ်ရှိနေသော်လည်း မြန်မာရာဇ၀င် အရမူ အချက်အလက် အားဖြင့် ကောင်းမွန်ခြင်း ၊ အကြောင်းအရာ အားဖြင့် ကောင်းမွန်ခြင်း ၊အုပ်ချုပ်သူ မင်း ကို ပြည်သူ တွေအား တရားနှင့် အညီ အုပ်ချုပ်နိုင်စေရန် လမ်းညွှန်ပြသနိုင်ခြင်း ၊ ဗုဒ္ဓဘာသာ တရားတော် ၏ အဆို ၊ဆုံးမမှု များ ကို ဆီလျှော် အောင် သုံးထားခြင်း ၊ စသည့် အချက် များကြောင့် မည်သည့် အခါ မှ ရိုးသွားမည် မဟုတ်သော (အနိမ့်ဆုံး အင်းဝခေတ် လာ ) လင်္ကာဟောင်း တပုဒ် ဖြစ်ပါသည်။




"ဓမ္မတာ" မျက်ဖြေလင်္ကာ



(၁) သူတည်းတစ်ယောက်၊ ကောင်းဖို့ ရောက်မူ၊ သူတစ်ယောက်မှာ၊ ပျက်လင့်ကာသာ ၊ ဓမ္မတာတည်း။1

(၂) ရွှေအိမ်နန်းနှင့်၊ ကြငှန်းလည်းခံ။ မတ်ပေါင်းရံလျက်၊ ပျော်စံရိပ်ငြိမ်၊ စည်းစိမ်မကွာ၊ မင်းချမ်းသာကား၊
သမုဒ္ဒရာ၊ ရေမျက်နှာထက်၊ ခဏတက်သည့် ၊ရေပွက်ပမာ တသက်လျာတည်း။

(၃) ကြင်နာသနား၊ ငါ့အားမသတ်၊ ယခုလွှတ်လည်း၊ မလွတ်ကြမ္မာ၊လူတကာတို့ ၊ ခန္ဓာခိုင်ကျည်၊
အတည်မမြဲ၊ ဖောက်လွှဲတတ်သည်။ မချွတ်စသာ သတ္တ၀ါတည်း။

(၄) ရှိခိုးကော်ရော်၊ ပူဇော်အကျွန်၊ ပန်ခဲ့တုံ ၏။ ခိုက်ကြုံဝိပါက်၊သံသာစက် ၌၊ ကြိုက်လတွန်မူ၊
တုံ့ မယူလို၊ ကြည်ညိုစိတ်သန်၊ 2 သခင်မွန်ကို၊ ချန်ဘိစင်စစ်၊ အပြစ်မဲ့ရေး၊ ခွင့်လျှင်ပေး၏။
သွေးသည် အနိစ္စာ ငါခန္ဓာတည်း။

1 သူတစ်ယောက်ကား ၊ ပျောက်လင့်ကာသာ ( ဦးကုလား-ပ၊ ၂၁၀)
2 စိတ်မြဲသို၍ ၊ ကြည်ညိုလွှတ်ပြန် (ဦးကုလား- ပ ၊ ၂၁၁)

( မူကွဲများ ။ သူတစ်ယောက်ကား ( ဦးကုလား ) ၊ တစ်ယောက်သူသာ (တွင်းသင်း) ၊ မတ်ဗိုလ်ရံ၍ (ဦးကုလား) ၊
ဝိပါက်ကြမ္မာ (ဦးကုလား) ၊ ဖြတ်တတ်ကြမ္မာ (တွင်းသင်း) ၊ သွေးသည်အနိစ္စာ ၊ သေမြဲရာသည် ၊ ငါးခန္ဓာတည်း ( တွင်းသင်း -ပ၊၁၂၁)

(မှန်နန်းရာဇ၀င်တော်ကြီးသုံးတွဲပေါင်း ပထမအကြိမ်- စာ ၁၉၄……မှ)




Law Of Nature
Translated by Pe Maung Tin and G.H. Luce.

When one attains property,
Another is sure to perish.
It is the law of nature.

Happiness of life as king-
Having a golden palace to dwell in,
Court life, with a host of ministers about one,
Enjoyment __showdown __peace,
No break to felicity__
Is but a bubble mounting for a moment to the surface of the ocean.

Though he kill me not,
But in mercy and pity release me,
I shall not escape my karma.
Man's stark-seeming body
Lasted not ever;
Verily it is the nature of every living thing to decay.
Thy slave, I beg
But to bow down in homage and adore thee|
If the wheel of samsara
Mpast deeds offer me vantage,
I seek not for vengeance.
Nay,master, mine awe of thee is too strong|
If I might, yet I would not touch thee;
I would let thee pass without scathe.
Dissolution lures the elements of my body.









The Nature Of Things
Translated by Friedrich V.Lustig ( Ashin Ananda )

(Release from Anger)


Often a man suffers destruction In order that another man Might enjoy well-being. Such is the nature of things!

A courtier’s satisfaction
In enjoying kingly confidences
In golden palaces
And a King’s own good fortune
Are merely bubbles
On the surface of a vast ocean
Momentary and evanescent.

If dictated by commiseration
I were to be released
And freed from execution
I would not escape Death.
Inseparable am I from Karma
All sentient beings
Being subject to dissolution.

Respectfully I salute His Majesty
Should I again meet my Lord the King
In one of my future rebirths
In the cycle of Samsara
Begrudging him nothing
I would lovingly forgive him,
Impermanent is my body of blood.


Anantasuriya

Translated by Friedrich V.Lustig ( Ashin Ananda )

From Burmese Classical Poems


Anantasuriya was a chief minister in the Kingdom of Pagan under King Naratheinka ( CE- 1170-1173) . When as a result of a palace revolution Naratheinka’s brother Narapatisithu seized the throne , Anantasuriya was ordered to be executed. On the event of his death he wrote this classical poem entitled “ Dhammata ” ( The Nature of Things), which is one of the literary treasures of the worked.


Karma - can loosely be translated as destiny as ordained by the ethical consequences of one’s acts in previous existences.
Samsara – is as explained before the cycle of deaths and rebirth until Nirvana is reached.




ကိုးကား

၁။ မှန်နန်းရာဇ၀င်တော်ကြီး
၂။ဒေါက်တာတိုးလှ - အနန္တသူရိယ ရဲ့ မျက်ဖြေ လင်္ကာ လေးပုဒ် ကို ခြေရာခံခြင်း ( အတွေးအမြင်-အောက်တိုဘာ -၂၀၀၅)
၃။ Friedrich V.Lustig ( Ashin Ananda ) - Burmese Classical Poems
၎။ ကောင်းမှုတော် ဘုရားသမိုင်း - ဆရာဦးထွန်းကြည်
၅။ ဒေါက်တာ သန်းထွန်း - မြန်မာရာဇ၀င် ပုဂံခေတ် ( အေဒီ ၁၀၄၄- ၁၀၈ရ )
၆။ သိမှတ်ဖွယ်ရာ ပြည်မြန်မာ စာအုပ်ပါ အချက်အလက်များ

Labels:

May 25, 2009

ပန်း နဲ့ ပုဇဉ်း






လူပျိုကြီးပန်း ( ဆရာလှ က ဒီပန်းကို အဲဒီလိုပေးဘူးလို့း) )





ပုဇဉ်း





သီလရှင်ပန်း ( သီလရှင်ကျောင်းထဲမှာ ရိုက်ထားလို့း))




Labels:

May 22, 2009

ပင်းယမြို့၏ နေရာ (၂)



ပင်းယမြို့၏ နေရာ ၂ ( ဒဂုန်ခင်ခင်လေး)

ပင်းယမြို့ဟောင်း ဟာ ပုဂံခေတ် မှ တိုက်ရိုက် ဆက်နွယ်လာသော ဘုရင် နန်းစိုက်ရာ မြို့တော် ဖြစ်ခဲ့တဲ့အတိုင်း ပုဂံခေတ် ရဲ့ လက်ငုတ်လက်စ တွေ အများအပြား ပြုံဆင်း ရပ်တည်လာခဲ့တဲ့ မြို့တော်ကြီး ဖြစ်ခဲ့သည့် အားလျှော်စွာ ယနေ့ တွေ့မြင် နေရသေးတဲ့ ဘုရားပုထိုး အပြိုအပျက် လက်ကျန် အနည်းငယ် တို့ကို ကြည့်ရှုရခြင်း အားဖြင့် ပုဂံ ၏ ပုံစံတွေ အများကြီး ရှိနေပါသည် ။ ပုဂံ ၏ ယဉ်ကျေးမှု တွေ ကို ပင်းယ က ပုခုံး ပြောင်းယူ လိုက်ခြင်း ဖြစ်ပါမည် ။ ပုဂံ ၏ ဘာသာရေး ၊ ပုဂံ ၏ နန်းတွင်း ယဉ်ကျေးမှု ၊ ပုဂံ ၏ ဆင်ယင် ထုံးဖွဲ့မှု ၊ ပုဂံ ၏ စာပေ ၊ ပုဂံ ၏ ဂီတ ၊ ပုဂံ ၏ ကဗျာ ၊ ပုဂံ ၏ ပန်တျာ ၊ ပုဂံ ၏ လူမှု ဆက်ဆံရေး အဖြာဖြာ သည် ဤ ပင်းယ ခေတ် မှာ လာရောက်စုရုံး အခြေခံ လျက် တဆင့်တက်၍ အခက်အလက် ဆက်လက်ဝေဆာ ရှင်သန်ဖွံ့ဖြိုး လာခဲ့ရမည် မှာ မလွဲမသွေ ဖြစ်ပါလေသည် ။ ပင်းယ တွင် ချ အပ်သော ဗမာ့ ယဉ်ကျေး မှုအုတ်မြစ် အခြေခံတို့ သည် ပထမအင်းဝ ခေတ် က ဆက်ခံ၍ တရှိန်ထိုး ဝေဖြိုးမောက်ကြွ တောက်ပ ၀င်းထိန်ခဲ့ရပြန်လေသည် ။


သီဟသူ မင်း ပင်းယမြို့ ကို မတည်မီက အင်းဝ မြို့ ကို တည်ကြည့်သေးသည် ။ ၄ -ကြိမ် တိုင်တိုင် ပျက်ခဲ့ရသည် ဆို၏ ။ ပထမတကြိမ် ရေကြီးသည် ။ လိပ်သတ္တ၀ါ များ အိမ်တိုင်းတက်လာသည် ။ ဒုတိယ အကြိမ် မှာ ငါးကြီးတွေ အိမ်တိုင်းတက်၍ ပျက်ရပြန်သည် ဆို၏ ။ ထိုခေတ်က လူများ ငါး ကို ဟင်းချက် မစားကြရော့လား မေးစရာ။ ယခုခေတ် များ ငါးတို့ လိပ် တို့ အိမ်ပေါ် တက်လာလျှင် ဈေးဘိုးသက်သာ လို့ ၀မ်းမြောက်ဝမ်းသာ ဖဖ်းဖဖ်း ချက်စား လိုက်ကြမဲ့ ဖြစ်ချင်း ။ ငါး တက်လို့ မြို့ပျက်ရတယ် များ ရှိသေးတော် လို့….. သရော်ချင်လဲ သရော်ကြပါလေဦးမည် ။ တတိယ နှင့် စတုတ္ထ အကြိမ် မှာလည်း လူများ နာဖျား သေပျောက် ရှိကြသောကြောင့် မနေ၀ံ့၍ မြို့ပျက်ရသည် ။ ၄ -ကြိမ် တည်၍ ပျက်ရသောကြောင့် အင်းဝ မြို့ ကို မြို့တည်ခြင်း မှ ရပ်ဆိုင်းပြီး နေရာရွှေ့ပြောင်းကာ ပင်းယမြို့ ကို တည်ရခြင်း ဖြစ်ပါသည် ။


ပင်းယမြို့ နေရာ ကို တူးဆွရာ ရွှေပန်းပင် ရရှိသောကြောင့် နိမိတ်ကောင်းသည် ဟု နှစ်သက်ကြသည် ။ မြို့တည်ပြီး နှစ်နှစ်ခန့် ရှိသောအခါ စမုံမြစ်တွင် ဆင်ဖြူမ အသေတစီး မျောပါလာသည် ကို ဆယ်ယူပြီး ကျားကန် မ ထူ၍ ရတနာ က တင်ပြီး ဘုရင် သီဟသူ တက်စီးကာ တစီးရှင် အမည် ခံယူသောကြောင့် “ တစီးရှင် သီဟသူ ” ဟု ရာဇ၀င် တွင်ခဲ့ခြင်း ဖြစ်ပါသည် ။ မြန်မာ ဘုရင် များ သည် ဆင်ဖြူတော် ကို အလွန်စုံမက် နှစ်သက်ကြသည် ။ ဆင်ဖြူရှင် ဘွဲ့ ခံရမှ ဘုန်းကံကြီးမား တန်ခိုးထွားသည် ဟု အယူအစွဲ ရှိကြသည် ။ ဒါကြောင့် ဆင်ဖြူ အရှင် မရလျှင် ဆင်ဖြူအသေ ကိုဘဲ စုံစုံ မက်မက် တက်စီးပြီး ဆင်ဖြူရှင် ဘွဲ့ နှင့် အလားတူ တစီးရှင် ဘွဲ့ ခံယူခြင်း ဖြစ်ရပါမည် ။

တစီးရှင် သီဟသူ ၏ တောင်နန်းမိဖုရားကြီး မှာ မိဖုရားဖွားစော ၏ တူမ စောနန်း နှင့် တရုတ်ပြေးမင်း ၏ သမီး မိစောဦး ဖြစ်သည် ။ ယင်း မိစောဦး သည် နန်းကျဘုရင် ကျော်စွာ ၏ မိဖုရားဖြစ်ခဲ့ဘူးသည် ။ ၄င်း မိစောဦး ကို တစီးရှင် သီဟသူ မင်းက “ ဖွားစော ” ဟူသော အမည် ကို ပေး၍ တောင်နန်း မိဖုရားမြှောက်ခြင်း ဖြစ်ပါသည် ။


သို့ကြောင့် “ ဖွားစော ” ဟူသော အမည်သည်လည်း ထိုခေတ်က အမွန်အမြတ် ထားသော အမည်တခု ဖြစ်ခဲ့ရမည် ဖြစ်ပါသည် ။ ဖွားစောကြီး နှင့် ဖွားစော လေးလဲ ခဏခဏ မှားတတ်ကြသည် ။ ဖွားစောကလေး နှင့် တစီးရှင် တို့ မှ သားတော်သုံးပါး ဖွားမြင်လေသည် ။ ပထမသားတော် ခုနှစ်ကျောင်း ဒါယကာ ဥဇနာ ၊ ဒုတိယသားတော် ငါးစီးရှင် ကျော်စွာ ၊ တတိယ သားတော် နော်ရထာ တို့ ဖြစ်ကြသည် ။ မြောက်ဘက် လင်းယဉ် ရွာသူ မုဆိုးမ ခလေးတယောက် မိခင် ကို ကောက်ယူ၍ ရတနာပုံ ဒေ၀ီ ဟု မြောက်နန်း မိဖုရား မြှောက်ရာ မှာ သားတော်တစ်ပါး နှင့် သမီးတော် တစ်ပါး ဖွားမြင်သည် ။ သားတော် မှာ စစ်ကိုင်းမြို့တည် “ အသင်္ခယ စောယွမ်း” ဖြစ်၍ သမီးတော် မှာ စောပုလဲ ဖြစ်သည် ။ နောင် တောင်တွင်း သီဟပတေ့ ၏ မိဖုရား ဖြစ်သွားသည် ။


ပင်းယတည် တစီးရှင် သီဟသူ သည် အရေးပါသော ချစ်သော မိဖုရား တို့ က အပျိုမဟုတ်ကြပေ ။ မိဖုရားကြီးစောဦး မှာ အပျို မဟုတ်သော်လည်း တရုတ်ပြေးမင်း ၏ သမီးတော် ၊ ကျော်စွာဘုရင် ၏ မိဖုရားဟောင်း ဖြစ်၍ မင်းရိုးရာမပျက် ဆောံနှင်းခဲ့ခြင်းဖြစ်၏ ။ မြောက်နန်းမိဖုရား ရတနာပုံဒေ၀ီ မှာ မုဆိုးမ အရပ်သူ ကလေးမျှ နှင့် ကံကောင်း ထောက်မသွားခြင်း ဖြစ်သည် ။ ဘရင် ကိုလည်း “ အဆင့်အတန်း မခွဲ ၊ လူတန်းစားမရွေး ၊ အချစ်ကို အရေးပေးသော ဘုရင် ” ဟု စာဆိုရှင် ပညာရှိများ က ဥဒါန်းတင် ရေးသားခဲ့ကြပေသည် ။



ယင်း ပင်းယမြို့ တည် တစီးရှင် သီဟသူ သည် နန်းသက် ၂၂ နှစ် ၊ သက်တော် ၅၅- နှစ် တွင် အနိစ္စရောက်သွားသည် ။ တစီးရှင် သီဟသူ ၏ သားတော် ဥဇနာ ထီးနန်း ဆက်ခံရသည် ။ ဥဇနာ ထီးနန်းစံ ၍ ဆယ်နှစ်ရှိသောအခါ ညီတော်ကျော်စွာ ကို နန်းလွှဲပေးရသည် ။ ထိုညီတော် ကျော်စွာ ကား ဆင်ဖြူငါးစီး ရသူ ဖြစ်သည် ။ ဆင်ဖြူတစီး ရှိလျှင်ပင် အင်မတန် ဘုန်းကြီးသည် ယူဆခဲ့ရာ၊ ဆင်ဖြူငါးစီး ပိုင်ရှင်ကြီး ဖြစ်သောကြောင့် ဘုန်းတော် မခံဝံ့၍ နော်တော်ကြီးက ထီးနန်းလွှဲအပ် လိုက်ရလေချင်းပင်ဖြစ်သည် ။ ငါးစီးရှင် နန်းစံ၍ ၉-နှစ် ရှိလျှင် အနိစ္စရောက်သည် ။ သားတော် ကျော်စွာ ထီးနန်း ဆက်ခံရသည် ။ အဖေလည်း ကျော်စွာ ၊ သားတော်လည်း ကျော်စွာ နာမည်ခြင်း တူကြ၍ တခါတခါ မှားစရာပင် ဖြစ်၏ ။ သားတော် ကျော်စွာ နန်းစံ၍ ၁၀- နှစ် ရှိလျှင် အနိစ္စ ရောက်ပြန်သည် ။ ဤအခါ ညီတော် နရသူ ထီးနန်း ဆက်ခံပြန်သည် ။ နန်းစံ၍ ၃- နှစ်ရှိသောအခါ မောရှမ်း တို့ ဖဖ်းယူသဖြင့် နန်းကျရရှာသည် ။


နရသူ နန်းကျသောအခါ အကိုအကြီးဆုံး ဥဇနာပျောင် က နန်းဆက်ရပြန်သည်။ ဥဇနာပျောင် မှာ အကိုအကြီးဆုံး ဖြစ်၍ ရှေးဦးစွာ နန်းမွေ ရထိုက်သော်လည်း ခြေတဖက် မသန်သောကြောင့် နန်းဆက်မခံရခြင်း ဖြစ်သည် ။ ယခု ညီတွေ မရှိမှ သူ၏ အလှည့် ကြုံရခြင်း ဖြစ်သည် ။ သို့ပေမယ့် ကံမကောင်းရှာပါ ။ ထီးနန်းစံရ၍ သုံးလ မျှသာ ရှိပါသေး၏ ။ သတိုးမင်းဖျား က သူ့အား နန်းမှချလိုက်ပြီး ပင်းယ မြို့ကြီး ကို သိမ်းယူခြင်း ခံရပါသည် ။ ပင်းယ မြို့တည် တစီးရှင် သီဟသူ ၏ သား -မြေး မင်းဆက် သည် ခြောက်ဆက်မြောက် ဥဇနာပျောင် မင်း လက်ထက်တွင် စခန်းသိမ်းခဲ့ရပြီး ပင်းယ မြို့ကြီးလည်း ပျက်ခဲ့ရတော့သည် ။


သတိုးမင်းဖျားသည် ပင်းယ မြို့ ကို ရရှိသိမ်းပိုက်ပြီးနောက် ပင်းယ မှာ တစ်လသာ စံနေပြီး ဆက်လက် မနေဘဲ အင်းဝ မြို့ ကို တည်ထောင်ခဲ့လေသည် ။ တစီးရှင် လေးကြိမ် တည်၍ မရသော အင်းဝမြို့ ကို သတိုးမင်းဖျား တည်သောအခါ အောင်မြင်ခဲ့သည် ။


ပင်းယ တစီးရှင် ၏ သားတော်တပါး ကျန်သေးသည် ။ သူသည်ကား လင်းယဉ်ရွာသူ မုဆိုးမ ရတနာဒေ၀ီ နှင့် တစီးရှင် တို့ မှ မွေးဖွားသော အသင်္ခယာ စောယွမ်း ခေါ် မင်းသားပင်။ တစီးရှင် ၏ မိဖုရားကြီး သားတော် ၃-ပါး အနက် ငါးစီးရှင် ကျော်စွာ က ပင်းယမြို့ ကို ထီးနန်းဆက်ခံ ချိန်တွင် အင်္သခယာ စောယွမ်းက စစ်ကိုင်းမြို့သစ် ကို တည်ထောင်မင်းပြုနေပြီး ဖြစ်သည် ။ အင်္သခယာ စောယွမ်း သည် နန်းစံသက် ၈-နှစ် တွင် အနိစ္စ ရောက်ခဲ့သည် ။ ကျန်ရစ်ခဲ့သော သားတော် ၃-ပါး ၊ သ္မီးတော် ၁-ပါး ဖြစ်သည် ။ သား သုံးပါး မှာ (၁) ကျစွာ (၂) မင်းရဲကြီး (၃) တရာ့ဖျား (၄) သမီးတော် စိုးမင်း ကိုယ်တော်ကြီး တို့ဖြစ်သည် ။


စစ်ကိုင်းမင်းဆက် သည် ပင်းယ မင်းဆက် ထက် တမင်းသာသည် ။ ပင်းယ က မင်းခြောက်ဆက် နှင့် ပျက်သည် ။ စစ်ကိုင်း က ၇-ဆက် နှင့် ပျက်ခဲ့သည် ။ စစ်ကိုင်း ပျက်ရသည် မှာလည်း သတိုးမင်းဖျား ၏ လက်ချက်ပင် ဖြစ်၏ ။ သတိုးမင်းဖျား သည် စစ်ကိုင်း ၊ ပင်းယ ၊အင်းဝ သုံးပြည် ကို အုပ်ချုပ် မင်းပြုခဲ့သည် ။ သူတို့ တဆွေ ၊တမျိုး ၊အနွယ် တသိုက် ထဲမှာ ဗိုလ်ကျ လာခဲ့သူလည်း ဖြစ်၏ ။ ကြံရည် ဖန်ရည် ဥာဏ်ရည် အမျိုးမျိုး သုံး၍ လက်ရုံးရည် တိုက်ပွဲ ၊ နှလုံးရည် တိုက်ပွဲ မျိုးကလေးတွေ နှင့် တွန်းထိုးရုန်းကန် တက်လာရသူဖြစ်လေသည် ။ သို့သော် သတိုးမင်းဖျား ၏ အင်းဝ မင်းဆက်သည်လည်း ၇ -ဆက် နှင့်ပင် စခန်းသိမ်း သွားရချေသည် ။ အင်းဝ ၌ မိုးညှင်း မင်းဆက် ဟူ၍ တဆက် တံခွန်ထူခဲ့ပြန်သည် ။


ယင်း သတိုးမင်းဖျား ၏ ပထမအင်းဝ မင်းဆက် နှင့် မိုးညှင်း မင်းဆက် တို့၏ အဖြစ်အပျက်ကလည်း စိတ်ဝင်စားဘွယ် အသွယ်သွယ် နှင့် ဘဲ ဖြစ်ပါသည်။ ဒါတွေကို အသေးစိတ် မရေးနိုင်သော်လည်း “ ကျွန်းဦးတည့် သံလျက်ခုံ ” ခရီးတွင် အင်းဝ ၏ စိတ်ဝင်စားဖွယ် အသွယ်သွယ် ကိုတော့ တတ်နိုင်သလောက် ရေးသား တင်ပြ သွားရ ဦးမည် ဖြစ်ပါသည် ။


စာရေးသူ တို့ ကားသည် ပင်းယ မြို့ဟောင်းကြီး ကို ကျော်ဖြတ်ကာ ဆက်လက် မောင်းနှင်လာခဲ့ပါ သည် ။ မကြာမတင် ပင် ရေ-မြေ တဆက်တည်း သို့ ရှိသော အင်းဝ မြို့ အ၀င်မရောက်မီ ရှေးဦးစွာ တွေ့ရသော မြို့ မှာ တံတားဦး မြို့ ဖြစ်ပါသည် ။ ယင်း တံတားဦး မြို့ မှာတော့ လက်ရှိမြို့ အင်္ဂါ အစုံအလင် ရှိပါသည် ။ မြို့လယ် မှာရှိ သော တံတားဦး မင်္ဂလာစေတီကြီးကလည်း ကြည်ညိုစဖွယ် သပ္ပါယ်ပါဘိချင်း ။ တံတားဦး ကတော့ ပင်းယ အင်းဝ တို့ လောက် ရှေးကျခဲ့သောမြို့ မဟုတ်ပေမင့် တံတားဦး မင်္ဂလာစေတီ ကို အကြောင်းပြုလို့ တကြောင်း ၊ ကုန်းဘောင် ခေတ် အင်းဝနေပြည်တော် ကြီး ပြန်လည်စည်ကားပြီး နန်းမတော်မယ်နု အုတ်ကျောင်း ကြီး နှင့် ပူးတွဲ ထင်ရှားခဲ့ တဲ့ မင်းသားကြီး ဦးအို ရဲ့ အုတ်တံတားကြီး အဆုံး မှာ တံတားဦး မြို့ တည်ရှိ နေတဲ့အတွက် ထင်ရှား ကျော်ကြား လာရခြင်း ဖြစ်ပါသည် ။ ယနေ့ ခေတ် မှာတော့ ပင်းယ ၊ အင်းဝ တို့ က ဇနပုဒ် ဖြစ်ပြီး တံတားဦးက စည်ကားတဲ့ မြို့ ဖြစ်လို့ နေပါသည် ။


(ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သံလျက်ခုံ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။)



Labels: , ,

ပင်းယမြို့၏ နေရာ (၁)



ဆရာကြီး ဦးညိုမြ ၏ ကုန်းဘောင်ရှာပုံတော် စာအုပ် ကို ဖတ်သည့်အခါတိုင်း သတိထားမိသည် မှာ ဆရာမကြီး ဒဂုန် ခင်ခင်လေး ၏ “ ကျွန်းဦးတည့် သံလျက်ခုံ ” စာအုပ် ကို နေရာအတော် များများတွင် ကိုးကားထားကြောင်း ဖော်ပြထားခြင်း ဖြစ်ပါသည်။ ထိုသို့သတိထားမိသည့် အချိန် မှစ၍ ၄င်း အမည်ခပ်ဆန်းဆန်းနှင့် စာအုပ် ကို သတိထား၍ ရှာဖွေနေခဲ့ရာ စာအုပ်ငှားဆိုင် တဆိုင်တွင် တွေ့ရသဖြင့် ကော်ပီကူးယူထားလိုက်ပါသည် ။ ယခု ဖော်ပြနေသော မြန်မာ ရာဇ၀င် ၏ ပင်းယခေတ် အပိုင်းအတွက် တိုက်ရိုက်သက်ဆိုင်နေသော ပင်းယမြို့၏ နေရာ ဆောင်းပါးတိုကလေး ကို မူရင်းဆောင်းပါးအတိုင်း ပြန်လည် ဖော်ပြပေးလိုပါသည်။



ပင်းယမြို့၏ နေရာ ( ဒဂုန်ခင်ခင်လေး)


ရှေ့မလှမ်းမကမ်း မှ မြင်နေရသော ဘုရားပြို ဘုရားပျက်များကို ဒေါ်မမကြီး က ညွှန်ပြပါသည် ။ အဲဒါ ပင်းယ မြို့ဟောင်း နေရာပါပဲ ဟု ဆိုသည် ။ ကားပေါ် မှ လှမ်းမြင် ရစဉ် ၌ ရုတ်တရက် ဆိုလျှင် ပုဂံမြို့ ပျက်ကြီး တစ်နေရာသို့ ရောက်လာလေသလားဟု အထင်မှားမိပါသည် ။ ရှေးမြန်မာလုပ် အုပ်ပြားနီနီကြီး တွေနှင့် တည်ဆောက် ထားသော ကုလားကျောင်းခံ ဘုရားပျက်တွေ ၊ ဘုရားပြို တွေ နေရာ အနှံ့အပြား ရှိနေပါသည် ။ မဟာရံ တံတိုင်းပျက် အုတ်ပုံတွေက ချင်းချင်း နီလျက် ရှိသည် ။ ကုလားကျောင်းခံအုတ်ကျိုးစေတီ များမှာ အပေါ် ပိုင်းမှ အထွဋ် ကျိုးလျက် တချို့ ပြိုကျနေသော အုတ်ရိုးစေတီ နေရာတွင် ထုံးဖြူဖြူ စေတီငယ် အသစ် နှင့် ဖြစ်နေသော်လည်း အောက်ခံ ကုလားကျောင်း အုတ်တိုက်ပျက်ကြီး များက တောင်ကမူကလေးများနှယ် ခံထားဆဲပင် ဖြစ်သည် ။

အချို့များ ကုလားကျောင်း အုတ်တိုက်ပျက်ကြီး ကအုတ်ပုံတောင်ကမူ တောင်ကတုံး များလို ဖြစ်ချင် သလို ဖြစ်၍ ပျက်ချင်သလို ပျက်နေကြပါသည် ။ အားလုံးကို ခြုံကြည့်လိုက်မည် ဆိုပါက ပုဂံ မြို့ က ဘုရားတွေ နှင့် ပုံစံ အတူတူဘဲ ဖြစ်နေပါသည် ။ ပုဂံမြို့ ရှိ ဓမ္မရံကြီးဘုရား ၊ ထီးလိုမင်းလို ဘုရား စသည့် အင်္ဂတေ မလွှမ်း အုတ်ပြားနီနီ တွေ သရိုးကိုင်ထားပုံမျိုးအတိုင်း တည်ရှိပါသည် ။ ကုလားကျောင်းခံ လှိုဏ်ဂူဘုရားများ၌ စေတီအထွဋ် တင်ထားပါသည် ။ တမျှော်တခေါ် အပျက်အစီးတွေ ကြည့်ရင်း ကြည့်ရင်း ရှေးဖြစ်ဟောင်းများအပေါ်၌ မျှော်ခေါ်တွယ်တာခြင်း ကြောင့် နှမြောတသ မဆုံး ဖြစ်မိပါသည် ။

ဘုရားဟောင်း၊ ကျောင်းဟောင်း များ ကို ထိန်းသိမ်းစောင့်ရှောက် လိုမှု မရှိဘဲ ဘုရားသစ် ၊ ကျောင်းသစ် တွေကို သာ တတ်နိုင်လျှင် တတ်နိုင်သလို အလှူဒါန ပြုလေ့ရှိသော ကိုယ့်မြန်မာများ အယူအဆ ကို အားမလိုအားမရ ဖြစ်ခဲ့မိပါသည် ။ ပုဂံ မြို့ ၏ ရှေးဟောင်းဘုရား ပုထိုး လက်ကျန်များ ကို ဆိုင်ရာအစိုးရတို့က ထိန်းသိမ်းစောင့်ရှောက် ထားသလို ပင်းယမြို့ က ဘုရားပုထိုးဟောင်းများကို ထိန်းသိမ်းစောင့်ရှောက်မှု မရှိ၍သာ ဤမျှ ပျက်စီးကုန်ရလေသလား ဟု စဉ်းစားမိပါသည် ။ စင်စစ်အားဖြင့် ပင်းယမြို့ သည် ပုဂံခေတ်ကပင် မြို့ တည်ရှိ၍ ပုဂံခေတ် နောက်ပိုင်းဆီ တွင် ပုဂံ၏ ယဉ်ကျေးမှု အတိုင်း ဆက်သွယ် တည်ရှိခဲ့သော ဘုရားပုထိုးများ ၊ ထီးနန်းအသုံးအဆောင်များ ဖြစ်ပါသည် ။ ယင်းသို့ ပုဂံ နှင့် ပင်းယ တဆက်တည်း ဆက်သွယ် နွယ်ယှက် ဖြစ်ထွန်းခဲ့သည့် ယဉ်ကျေးမှုအရပ်ရပ် မှာ ပုဂံ ၏ ယဉ်ကျေးမှု နှင့် မျဉ်းတပြေးတည်း ဖြစ်ခဲ့ပါလျက် ပျက်စီးခြင်းမလှ ပျက်စီးခဲ့ရသည်မှာ နောက်လူတို့ ၏ ဥပက္ခာဆံမှု ကြောင့်သာ ထိုမျှ အပျက်နာရသည် ဟု ဆိုချင်ပါတော့သည် ။

ပင်းယ မြို့၏ ရာဇ၀င်ကလည်း တခန်းတကဏ္ဍ ရှိခဲ့ပါသည် ။ ယဉ်ကျေးမှု အပြည့်အ၀ နှင့် ကြီးပွားခဲ့ရ သော မင်းနေပြည်တော် မြို့တော်ကြီး လည်း ဖြစ်ခဲ့ပါသည် ။ သက္ကရာဇ် ၆၄၈-ခုနှစ်တွင် ပုဂံပြည် ၌ နရသီဟပတေ့ မင်းကြီး နတ်ရွာစံလွန်တော်မူ စဉ် သားဖြစ်သူ ဒလစား ကျော်စွာ က ထီးနန်းဆက်ခံ သိမ်းချုပ် မင်းလုပ်တော်မူရာ ခမည်းတော် လက်ထက် က သူကောင်းပြုထားသော ပစ္စည်းဥစ္စာ ကြွယ်ဝချမ်းသာ၍ သြဇာအာဏာ ကြီးမားလှသူ “ အသင်္ခယာ ၊ ရာဇသင်္ကြန် ၊ သီဟသူ ” ဆိုသော ရှမ်းညီနောင် သုံးဦး ရှိလေသည် ။

၎င်းတို့ သုံးဦး တွင် အင်္သခယာ အား မြင်းစိုင်းမြို့ ၊ ရာဇသင်္ကြန် အား မက္ခရာမြို့ ၊ သီဟသူ အား ပင်လယ်မြို့ များ ကို ပေးပြီးလျှင် မြို့စားချီးမြှောက် သူကောင်းပြုတော် မူထားပြန်ပါသည် ။ ၄င်း ပုဂံပြည် ဘုရင် ကျော်စွာ သည် မင်းအဖြစ်ကို ရ၍ ကာလရှည်ကြာလာလျှင် မိဖုရားစော ကို အတိုင်အပင် မရှိ ၊ မေ့လျော့နေတော်မူသဖြင့် မိဖုရားစော က စိတ်နာ၍ ရှမ်းညီနောင်သုံးဦး တို့ နှင့် တစိတ်တ၀မ်းတည်း တိုင်ပင်ပြီး ၊ မြင်စိုင်းအရပ်တွင် ဘုရားဂူကျောင်း ကြီးကျယ်စွာ စီရင်စေသည် ။ ပြီးလျှင် မိဖုရားစောသည် မင်းကြီး (ဘုရင်ကျော်စွာ) အား စိတ်နှလုံး နှစ်သက်ပျော်ရွှင် သာယာ လှသည့် လယ်တွင်း တစ်ဆယ့်တစ်ရွာ ကို ကြည့်ရှုတော်မူရန် ထွက်ချီပါဟု လှည့်ပါတ်လျောက်ထားသည် ။ မင်းကြီး ယုံကြည်တော်မူ၍ စစ်အင်္ဂါလေးပါး နှင့် ချီတက်တော်မူသည် ။ သာလျောင်းဘုရား တောင်ထိတ်သို့ ရောက်သောအခါ ရှုမြှော်တော်မူ လျှင် မြင်စိုင်းအရပ် ၌ ဂူကျောင်း တို့ ကို မြင်၍ အဘယ်နည်း ဟု မေးသောအခါ ၊ မိဖုရားစော က “ အရှင်မင်းကြီး ၏ ကျွန်တော်မျိုး ရှမ်းညီနောင် သုံးဦး တို့ ကောင်းမှု ဖြစ်ပါသည်။ ကြွတော်မူ၍ သာဓု ခေါ်တော်မူပါ ” ဟု လျောက်ထားသည် ။ ဘုရင်ကျော်စွာ ယုံကြည်တော်မူ၍ ကြွတော်မူသဖြင့် မြင်စိုင်းသို့ ရောက်လျှင် ရှမ်းညီနောင် သုံးဦးက မင်းကြီး ကိုဖဖ်း၍ အတင်းအဓမ္မ ခေါင်းရိတ်လျက် သင်္ကန်းဝတ်စေပြီး ထိုကျောင်းတွင် အစောင့် အရှောက် နှင့် ထားလေ၏ ။
ထိုအခါမှစ၍ ပုဂံမင်းဆက်ပြတ်ကာ ရှမ်းညီနောင် သုံးဦး အလုံးအရင်း များစွာဖြင့် အသင်္ခယာ က မြင်စိုင်း ၊ ရာဇသင်္ကြန် က မက္ခရာ ၊ သီဟသူ က ပင်လယ်မြို့ များ ကို ထပ်မံတည်ထောင်ပြီး တဆယ့်လေးနှစ်တိုင်တိုင် ညီညွတ်စွာ မင်းလုပ်ကြသည် ။ ထို့နောက် ညီအလတ် ရာဇသင်္ကြန် ကံကုန်သည် ။ ကျန်ညီနောင် နှစ်ဦး အချင်းဖြစ်ပွား သည် ။ ညီငယ် သီဟသူ က နောင်ကြီး အင်္သခယာ ကို အဆိပ်ခတ် လုပ်ကြံပြီးနောက် တဦးတည်းဘုရင် အဖြစ် ခံယူရန် ၀ိဇယပူရ ဘွဲ့ချီသော ပင်းယမြို့ ကို တည်ထောင်တော်မူသည် ။ ပြီးလျှင် နန်းဖွင့် အပ်သော အစီအရင် ကို မသိသော ကြောင့် ပုဂံပြည် မိဖုရားစော ကို ပင့်၍ မိဖုရားအစီအရင် ဖြင့် နန်းဖွင့် မင်္ဂလာ ၊ ထီးဆောင်းမင်္ဂလာ ၊ ဘိသိက်မင်္ဂလာ ၊အခါခါ တို့ နှင့် တပြိုင်နက် ( သီရိတြိဘ၀နာ ဓိတြာ ပ၀ရသီဟသူရ -ဓမ္မရာဇာ )ဘွဲ့ ကိုခံ၍ ဘိသိက်မြှောက်ပြီး လျှင် မင်းကျင့်တရား နှင့် ညီညွတ်စွာတိုင်းပြည်သာယာ ၀ပြောအောင် အုပ်ချုပ်တော်မူလေသည် ။ပင်းယမြို့ တည် စဉ် ရွှေစည်းခုံ ဘုရားရှင်မြေ ကို တူးရ ရွှေအဆင်းကဲ့သို့ ရှိသော အရိုး ၊အခက် ၊ အရွက် နှင့် တကွ ရွှေပန်းပင်တပင် မြေတွင်း မှရရှိ၍ “ ပန်းရ ” ဟုခေါ်တွင်သည် ။ နောင် မှ ရွေ့လျောသဖြင့် “ ပင်းယ ” ဟူ၍ အမည် တွင်လေသတည်း ။

ယင်း သီဟသူ စတင်တည်ထောင်ခဲ့သော ပင်းယ မြို့ သည် သက္ကရာဇ် ၇၂၆ -ခုနှစ် ၊ ဥဇနာ ပြောင် မင်းလက်ထက် အထိ ၊ နှစ်ပေါင်း ခုနှစ်ဆယ် နီးပါး ရှိသည်။ ဥဇနာပြောင် မင်း ကို သတိုးမင်းဖျား က လုပ်ကြံ၍ ကံကုန်ပြီးနောက် ပင်းယ မင်းဆက် ပြတ်ခဲ့လေသည် ။ သတိုးမင်းဖျား သည် အင်းဝ မြို့ ကို တည်သောကြောင့် မင်းနေပြည် ပင်းယ မြို့ မှာ တဖြည်းဖြည်း တိမ်ကော လာခဲ့ခြင်း ဖြစ်လေသည် ။


ပင်းယမြို့ ကို စတင် တည်ထောင်သူ ဘုရင် သီဟသူ သည် ပင်းယ မြို့ နှင့် ဆယ်မိုင်ခန့် ကွာဝေးသော လင်းယဉ်ရွာသူ မုဆိုးမ ခလေးလေး တစ်ယောက်အမေ ကို နှစ်သက်မြတ်နိုး၍ ကောက်ယူတော်မူပြီး “ ရတနာပုံဒေ၀ီ ” ဟူသော ဘွဲ့ တံဆိပ် နှင့် မိဖုရားမြှောက်ခဲ့ဘူးသော ဘုရင် ဖြစ်သဖြင့် ရှေးခေတ်က စာဆိုသူ ပညာရှင် တို့၏ အိမ်ထောင် ရေး စံပြတေးထပ်များ ရေးစပ်ခံခဲ့ရသောဘုရင် လည်း ဖြစ်ခဲ့ပါသည် ။ ယင်းသို့ ရွှေထီး ရွှေနန်း ရွှေကြငှန် နှင့် လျှမ်းလျှမ်း တောက်ခဲ့သော မင်းနေပြည် ပင်းယ မြို့ကြီး မှာ ယခုအခါ ရွာနေရာပင် လက်ညှိုးထိုးစရာ မကျန် ဘုရားပြို ၊ ဘုရားပျက် နှင့် အုတ်ခဲပုံ နီနီ များ မြင်မကောင်းအောင် ပြန့်ကြဲနေသော ရှုမြင်ကွင်း တစ်ခု မျှသာ ဖြစ်နေပါတော့သည် ။

ဤနေရာသည် တချိန်တခါက ရွှေရောင်ဝင်းဝင် နှင့် မင်း မင်းများစံရာ ရွှေဘုံရွှေနန်း အဆောင်ဆောင် အခန်းခန်း တွင် စုလစ်မွန်းချွန် တံခွန်မှန်ကင်း ရွှေထီးတ၀င်းဝင်း ရှိခဲ့ဘူးသည် ဟု ဆိုလျှင် ဒဏ္ဍာရီ ပုံပြင်သာထင် မှတ်ကြပေလိမ့်မည် ။ရာဇ၀င် မော်ကွန်း ကင်းမဲ့၍ မည်သူမျှ လှည့်မကြည့်ချင်သည့် အုတ်ပုံပျက် နီနီ တို့သာ ပါတကား။ ပင်းယခေတ် ၏ ယဉ်ကျေးမှု ထီးသုံး နန်းသုံး ခမ်းနားပုံ အနှုံးအဖွဲ့ များ ကို မျက်ဝါးထင်ထင် သိမြင်လေ့လာနိုင်ရန် သက္ကရာဇ် ၆၇၄-ခုနှစ် ပင်းယ သီဟသူ မင်းလက်ထက် က စာဆိုခဲ့သော အောက်ပါ တျာဘွဲ့ သီချင်းတပုဒ် ဖြင့် အကဲ ဖြတ်နိုင်ပါလိမ့်မည် ။

ပင်းယခေတ် တျာဘွဲ့ သီချင်း

ခါးပတ်တော်မှာ ရွှေခြည်စုံ ၊ မှိုင်းလုံး ရွှေဝတ်လုံ ၊ မလုံသာ ချမ်းအေးမြ ၊ မိုးသောက် က ရောင်ပြူလာတယ်ကို ထိပ်ပန်း ပန်ငယ် ၊ မြင်းခင်းကြွပါ လို့လေး ၊
အလှငယ် လာမည့် လမ်းငယ် ကို ၊ မျှော်ယောင်တမ်းလို့လေး ၊ ယမန် ယမန် လည် တွင် ၊ မြင်ပါ လိုက်ကဲ့ မယ်ထိပ်တင် ၊ မြင်း တဲ့ မြင်း ဖြူ-သျှောင်တွင် လေတင့်ဆုံး ၊
နားမှာသာ ပန်းကြက်ရုံးငယ်နှင့်လေး………….။
သျှောင်လုံး နားတွင် အပြည့်သာဆင် ၊ မြင်ပင် မြင်လိုက်ပါစ လေး…။
ရွှေနန်း ငွေနန်းသူ … ငယ်မူရာသားနှင့် ၊ သနားချစ်စရာလေတည့် ၊ သနားချစ်စရာ……,…။

(ဒဂုန်ခင်ခင်လေး ၏ ကျွန်းဦးတည့်သံလျက်ခုံ စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။)


Labels: , ,

May 20, 2009

AwLan Vs YaKuZa





တနေ့တုန်းဆီက မီးပွိုင့်မှာ မီးနီမိလို့ ကားခဏမှေး ရပ်ထားရင်း ရှေ့ကရပ်ထားတဲ့ ကားရဲ့ နောက်ဖုံး မှာ စတစ်ကာတစ်ခု ကပ်ထားတာ တွေ့လိုက်ရပါတယ် ။ “ YAKUZA IN CAR ” တဲ့ ။ ပုံကလည်း ပါပါသေးတယ်။ နှုပ်ခမ်းမွေး နဲ့ ရှုတည်တည် ယာကူဇာ တစ်ယောက် ပုံနဲ့ပါ။ ဘယ်လို အတွေးနဲ့ ကပ်ထားတာမှန်း မသိပေမယ့် ခပ်ဆန်းဆန်း စတစ်ကာကလေး ကို သဘောကျသွားပါတယ်။ တွေ့ဖူးနေကျ စတစ်ကာကလေးတွေက “ Children In Car” တို့ ၊ “ Family In Car ” တို့ ၊ “ No Guns In Car” တို့ ။ အစရှိသဖြင့် တွေ့ဖူးပါတယ် ။ ကလေးတွေ ပါသမို့ ကျေးဇူးပြုပြီး နောက်က ညင်ညင်သာသာ မောင်းပေးပါ။ လက်နက်တွေ တင်မထားတဲ့ ကားပါ ၊ငြိမ်းချမ်းရေး ကို လိုလားတဲ့သူတွေပါ …..အစရှိသဖြင့် နောက်က ကားတွေကို မက်ဆေ့ခ်ျ လေးတွေ ပေးနေတယ် လို့ ခံစားရပါတယ် ။


အဲဒါကို သရော်လိုတဲ့ အတွေးနဲ့ပဲလား၊ တကယ် ဖိန့်နဲ့ ခြောက်တာလားတော့ မသိပါဘူး ။ ကားထဲမှာ ယာကူဇာ တွေ ပါတယ် ဆိုတော့ ခပ်ဝေးဝေးကပဲ မောင်းရမလား ၊ ဆလံပဲ သရမလား ၊ လျှာထုတ်ပြီး ပြောင်ပြရမလား အမျိုးမျိုး တွေးနေ မိပါတယ် ။ ဘယ်လိုဘဲ ဖြစ်ဖြစ် ပေါ့ဗျာ။ ဒီလို ထူးထူးဆန်းဆန်း အိုင်ဒီယာ ကလေးတွေကိုတော့ သဘောကျမိသား ။


ကျွန်တော်လည်း နောက်နေ့ကျရင် အဲဒီလို စတစ်ကာကလေး နောက်မှာကပ် ။ လူကလည်း ဂတုံးဆံထောက်ကေ ညှပ် ။ ဘာမှမမြင်ရတဲ့ မျက်မှန်အမည်းကြီးတပ် ။ ကုတ်အကျီအမည်းကို ၀တ်လိုက်မယ် ခပ်ကျပ်ကျပ် ။ အောက်ခံရှပ်အကျီကို ရင်ဘတ်လှပ် ။ တွေ့တဲ့လူတိုင်းက အရူးကြီး လို့ မှတ် ။ အဟတ်.အဟတ် ။


(ဘာရယ်မဟုတ်ပါဘူးဗျာ၊ စိတ်တွေညောင်းနေလို့ပါ)


Labels:

May 15, 2009

သမီးတို့အတွက် ဗုဒ္ဓသာသနာ(၆)



သုရာမေရိယကံ


သူရာမေရိယ- သေရည်သေရက် သောက်စားခြင်းဆိုတဲ့ ( ကာယဒုစရိုက်၊ ၀ဇီဒုစရိုက် ၊မနောဒုစရိုက်ထဲ မှာလည်း မပါဝင်တဲ့ ) ကံ ကို ငါးပါးသီလထဲ မှာ ဘာလို့ထည့်ထား ရတာလဲ ဆိုတာ ကို “ ကာယကံ နဲ့ ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက် ကို ဘယ်လိုပဲ လိုက်နာဘို့ စိတ်ကူးရှိရှိ သေရည်သေရက်ေ သာက်မိလိုက်ရင် ကာယကံ ကော ၊ ၀ဇီကံ ကော နှစ်မျိုး စလုံး ကို ထိန်းမရ အောင် ချိုးဖောက်ပစ်ဖို့ လွယ်ကူ လွန်းလို့ ကာယကံ နဲ့ ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက် ရဲ့ နောက်က အချုပ် အနေနဲ့ သေရည်သေရက် ရှောင်ကြဉ်ဖို့ တချက် ထည့်ထားတာ” လို့ ဖေဖေ ပြောပြခဲ့ပြီးခဲ့ပြီနော် ။


ဖေဖေ တို့ ဗုဒ္ဓဘာသာ မှာ ကြောက်စရာ အကောင်းဆုံး စကားတလုံး ရှိပါတယ် သမီးတို့ရေ ။ အ၀ိဇ္ဇာ တဲ့ ။ အ၀ိဇ္ဇာ ဆိုတဲ့ ဥခွံထဲက လူတိုင်းဟာ ရုန်းမထွက်နိုင်သေးသမျှ မသိခြင်းသံသရာ အဆက်ဆက် လည်နေကြရမှာပါပဲ ။ ဒီနေရာ မှာ အ၀ိဇ္ဇာ ရဲ့ သဘောကလေး ပြောပြချင်ပါတယ် ။

အ၀ိဇ္ဇာ ဆိုတာ


၁။ အမှန် ကို အမှန် ဟု မသိမြင်ခြင်း။
၂။ အမှား ကို အမှား ဟု မသိမြင်ခြင်း လို့ ဆိုလို့ ရမှာ ဖြစ်ပါတယ်။

ဒီလောက်ကလေး ဆို တော်သေးတာပေါ့ လို့ ပြောရလောက်အောင် သူက ထပ်ပြီး စွမ်းအားရှိပါသေးတယ်။ မသိမြင်ရုံ သက်သက် မဟုတ်သေးဘဲ ပြောင်းပြန် တွေ ဖြစ်အောင် လည်း သူက လုပ်နိုင်ပါသေးတယ်။

၃။ အမှန် ကို အမှား ဟု သိမြင်ခြင်း ။
၎။ အမှား ကို အမှန် ဟု သိမြင်ခြင်း ။


လို့ ထပ်ပြီး ဆိုနိုင်သေးတာ မို့ အ၀ိဇ္ဇာ ဟာ အတော်ကြောက်ဘို့ ကောင်းပါတယ်။



သေရည် သေရက် ဆိုတာကလည်း အ၀ိဇ္ဇာ လို ကြောက်စရာ ကောင်းအောင် ချက်ခြင်းလက်ငင်း လုပ်ပြနိုင်တာမို့ ကာယကံ နဲ့ ၀ဇီကံ ဆိုင်ရာ အရေးအကြီးဆုံး (၄) ချက် ရဲ့ နောက်က အချုပ် အနေနဲ့ ထည့်ထားတာ ဖြစ်တယ် လို့ ဖေဖေ ထင်ပါတယ် ။ သမီးတို့ တွေ့ဖူး၊မြင်ဖူး၊ကြားဘူး ကြသလိုပါပဲ ။ အရက်သေစာ သောက်စားမူးယစ်နေကြသူများဟာ အမှန်လည်း မသိ ၊ အမှား လည်း မသိ ၊ အမှားလည်း အမှန်ထင် ၊ အမှန်လည်း အမှားထင် နဲ့ လူစိတ်တွေ ပျောက်ကင်း နေတတ်ကြတာ သေရည် သေရက် ရဲ့ အပြစ်တွေ ဖြစ်ပါတယ်။


ဒီနေရာ မှာ သူရာ နဲ့ မေရယ ဆိုတဲ့ စကားလုံးကလေး ကို သိနားလည်ဘို့ လိုပါတယ်ကွယ်။


သူရာ


သုရာ=သေ ….ဟူသည်မှာ ဆန်မှုန့် စသည်ကို ပြုပြငါ စီမံချက်လုပ်အပ်သော အရည်များ ကို သုရ = သေ အရက် ဟုခေါ်သည်။ သုရာ ၅ -မျိုး ရှိသည်။
၁။ ဆန်မှုန့် ကို ပြုလုပ်သော ပိဌသုရာ ၊
၂။ မုန့် ကို ပြုလုပ်သော ပူဝ သူရာ ၊
၃။ ထမင်း ကို ပြုလုပ်အပ်သော သြဒနသုရာ ၊
၎။ တဆေးမှုန့် ခေါ် သေရည်မျိုးစေ့ကို ထည့်၍ ပြုလုပ်အပ်သော ကိဏ္ဏပက္ခိတ္တသုရာ ၊
၅။ ဖန်ခါးသီ ၊ မုန်ညင်းစေ့ စသော ဆေးမည်များကို ရောစပ်၍ ပြုလုပ်အပ်သော သမ္ဘာရသံယုတ္တသုရာ ။ တို့ဖြစ်သည်။


မေရယ


မေရယ - စိမ်ရည်….ဟူသည် မှာ အပွင့် အသီးတို့ကို ထောင်းထု၍ ရသော အရည်ဖြင့် စိမ်အပ်သော အရည် ဖြစ်ပြီး (၅) မျိုး ရှိပါသည်။

၁။ သစ်မည်စည်ပွင့် ၊ ထန်းပွင့် ၊ အုန်းပွင့် စသော အပွင့် တို့ကို ထောင်းထု၍ ရသော အရည် ကို ကြာမြင့်စွာစိမ်၍ ပြုအပ်သော ပုပ္ဖါသ၀ ။
၂။ အသီး ၊ စိမ်ရည် ဟူသော ဖလာသ၀ ။
၃။ မုဒရက် ခေါ် သပျက်သီး စိမ်ရည် ဟူသော မဓွာသ၀ ။
၎။ ကြံရည် ၊ထန်းရည် ကို ပြုလုပ်အပ်သော ဂုဌာသ၀ ။
၅။ ဖန်ခါးသီး စသော အဆောက်အဦး အမျိုးမျိုးတို့ ၏ စိမ်ရည်ဟူသော သမ္ဘာရ သံယုတ္တာသ၀ ။


သုရာမေရိယမဇ္ဇပမာဒဌာနံ

သုရာ = ရဲရင့်ခြင်းအကြောင်း ဖြစ်သော အရက် သေရည် ၊
မေရယ = မူးယစ်စေသည့်စိမ်ရည် ။
မဇ္ဇ = မာန်မူတက်ကြွခြင်း ၊
ပမာဒ = ကုသိုလ်တရား၌ မေ့လျော့ခြင်း ၊
ဌာန = အကြောင်းတရား ၊



သေရည်သေရက် မူးယစ်ဆေးဝါး သုံးစွဲမှု သည် မာန်မူတက်၍ ကုသိုလ်တရား၌ မေ့လျော့ခြင်း ၏ အကြောင်းတရား ဖြစ်သည်။ လို့ ကျမ်းစာတွေထဲ မှာ ပါပါတယ်။ အမှန်ကတော့ ကုသိုလ်တရား၌ မေ့လျော့ခြင်း သာမကဘဲ အကုသိုလ် တရား ၌ ဖြစ်ပေါ်ပွားများစေခြင်း လို့ လည်း သိထားရပါမယ် ။



မေရယ ဆိုတဲ့ စကားလုံးကလေး အဖွင့် ကို ကြည့်ရင် သစ်မြစ်၊သစ်ခေါက်၊ သစ်ပွင့် တွေ ကို စိမ်ထုထောင်းပြီး ချက်လုပ် ထားတဲ့ ၀ိုင် ၊ ဘီယာ တွေ သောက်သုံးတာဟာ သူရာမေရိယ ကံ ကို ချိုးဖောက်တာ ဖြစ်တယ် လို့ သိမှတ်ထားရမယ်နော် ။ ဘုရားရှင် လက်ထက် တော် က ဘီယာ တို့ ၀ိုင် တို့ မှ မပေါ်သေးတာ လို့ ဆင်ခြေ ပေးလို့ မရတော့ဘူး လို့ သမီးတို့ မှတ်ထားပေးပါကွယ်။


Labels: ,

May 14, 2009

၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံး ခရီးသွားအိပ်ဆောင် GADGET လေးများ ၂


10. T-Mobile G1



Pros It’s the first phone to use Google’s new Android operating system, which includes a set of free apps that will soon rival that of the iPhone—Wikitude uses the G1’s GPS to find hotels, eateries, and activities near your current location.
Cons You’ll need an adapter if you want to listen to music with your own headphones, and the “missed call” indicator is bizarrely complicated.
Bottom Line The design is bulky, but the Android OS has a big future—if possible, hold out for an updated model, bound to come out later this year.
t-mobileg1.com; $180.


11. BlackBerry Curve 8900 Smartphone



Pros All the latest BlackBerry features in a slimmer, half-inch-thick package. Bonus: calls are transmitted via the Internet whenever you’re in a Wi-Fi hotspot, saving you minutes (or roaming charges when abroad).
Cons Surfing the Web is slower than on the iPhone. And it’s currently only available on T-Mobile (Verizon Wireless, Sprint, and AT&T service is expected in a few months).
Bottom Line If you need your cell to double as a work PDA, the Curve is your best bet.
blackberry.com; $200.


12. Samsung Memoir




Pros This 8-megapixel camera phone has a 2.64-inch touch screen that makes taking pictures as easy as it is with a regular camera. Photos can be cropped and edited before being uploaded to the Web or to a computer via Bluetooth, USB, or memory-card adapter.Cons A sluggish touch screen makes texting and maneuvering around other functions like GPS, instant messaging, and playing music difficult. The camera lacks an optical zoom, so it’s hard to take quality pictures from far away. Bottom Line One of the best phones for photos on the market.
samsung.com; $250.

13. Lingo XPlorer




Dedicated translators are the easiest and most comprehensive solutions for translating on the go. We like the Lingo Xplorer, equipped with both text and audio versions in 14 languages, including French, Chinese, Spanish, Hebrew, and Arabic. Sure, it’s big, but it’s lighter than most printed phrase books.

lingotravel.com; $250.


14. BOSE Mobile On-Ear Headset


Still the best on the market, Bose’s headphones are compatible with the iPhone and surprisingly good at blocking unwanted noise, without the need for batteries.
bose.com; $200.

15. Victorinox Presentation Pro


The whopping 32GB USB drive that’s included on this mini Swiss Army knife can hold about twice as much music and video as the biggest iPhone. One caveat: Make sure to pack it in your checked luggage to comply with airport-security regulations.

swissarmy.com; $330.

16. Amazon Kindle 2



Thinner (0.36 inches) and lighter (10.2 ounces) than its predecessor, Amazon’s latest-generation e-reader—with a crisper image, longer battery life, and a new text-to-speech feature that lets you turn books, newspapers, magazines, or blogs into audiobooks—is the finest of its kind.

amazon.com; $359.

17. KOSS CC_01 Earbuds



Innovative and stylish, these tiny buds adjust to fit any ear and come with a tangle-resistant nylon cord—we just wish the bass had a bit more oomph.

koss.com; $150.

18. Dell Wasabi Mobile Printer




This portable device (it weighs only seven ounces and is 0.9 inches thick) delivers two-by-three-inch prints of your digicam or mobile phone images via a Bluetooth connection. It lacks high-quality printing capability, but is great for candids.

dell.com; $149.

Labels: ,

၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံး ခရီးသွားအိပ်ဆောင် GADGET လေးများ




ယောင်္ကျားလေးတွေ အများစုဟာ GADGET ကလေးတွေ ၀ယ်သုံးဖို့၊ စုဆောင်းဖို့ ၊ ၀ါသနာပါတတ်ကြပါတယ်။


အခုဖော်ပြပေးမယ့် GADGET ကလေးတွေကတော့ Econimic Magazine မှာ ဖော်ပြထားတဲ့ ၂၀၀၉ ခုနှစ်အတွက် အကောင်းဆုံး ခရီးသွားအိပ်ဆောင် GADGET ကလေးတွေ ဖြစ်ပါတယ် ။

ဈေးနှုန်းကလေးတွေ နဲ့အတူ မူရင်း Web Link တွေ ၊ ပုံတွေ အပြင် ကောင်းကျိုး၊ဆိုးပြစ် ကလေးတွေကိုပါ တပါတည်း ဖော်ပြပေးထားတာမို့ ခရီးသွားအိပ်ဆောင် GADGET ကလေးတွေ ၀ယ်ဖို့စိတ်ကူး ရှိသူတွေ အတွက် အကျိုးရှိမယ် လို့ ထင်ပါတယ်။

1. Kodak Zx1 Pocket Video Camera





Pros ; This pocket-size camcorder-camera takes crisp high-def video, and uploading to YouTube is easy thanks to the built-in USB connector.
Cons ; An 8GB memory card takes only one hour of HD video, and the camera’s still-picture quality isn’t great.
Bottom Line ; It’s ideal for filming quick movies, but keep your point-and-shoot.

kodak.com; $149.


2. Panasonic Lumix G1




Pros ;The first digital camera with inter-changeable lenses that has the precision of a professional-grade (12.1-megapixel) SLR model. Plus, it’s super-compact.
Cons ;It runs through the battery quickly (we took only 250 shots over the course of three days before the camera died).
Bottom Line ; Great for both professionals and amateurs.

panasonic.com; $800.

3. Fujifilm Finepix Z33WP




Pros ; Waterproof up to 10 feet, this 10-megapixel digicam automatically tags your subjects and has an in-camera tool for uploading images to the Internet.
Cons ;The camcorder feature takes footage that’s good enough for the Web, but not much else.
Bottom Line ; A waterproof, 10-megapixel, full-featured camera at this price is a steal.

fujifilmusa.com; $200.


4. Sony DSC-G3 Cyber-Shot




Pros ; A 10.1-megapixel dual-purpose camera with built-in wireless; it lets you upload images and videos to online sharing services such as Flickr from any Wi-Fi hotspot.
Cons ; The touch screen isn’t always responsive, and the Wi-Fi setup can be confusing, even for a techie.
Bottom Line ;High-quality images combined with the convenience of uploading without a laptop or external hard drive.

sonystyle.com; $500.

5. HP Mini 1000 MI Edition



Pros ; This 10.3-by-6-inch netbook has a fast start-up because of its Linux operating system, and the on-screen tabs for mail, music, and movies make for easy navigation.
Cons ; It’s difficult to type quickly on the keyboard, and the custom interface may turn off purists who like their Windows the traditional way.
Bottom Line ; Impressive performance at a great price.

hp.com; $425.


6. Adamo by Dell




Pros ;Though not technically a netbook, this pint-size 13.4-inch laptop almost competes in the category; it has an aluminum-and-glass casing, a high-resolution screen, and a dual-core processor for speed.
Cons ;For the sake of slimness, the Adamo forgoes many features you’d expect from a laptop, such as a built-in memory-card slot and a DVD drive.
Bottom Line ;This is the first PC that comes close to the simplicity and stylishness of a Mac.

adamobydell.com; $1,999.


7. Samsung NC10 Mini Notebook



Pros ;Despite a compact 10.2-inch screen, the nearly full-size keyboard is a typist’s dream.
Cons ;The actual netbook is slightly bigger than other models and lacks a built-in broadband modem.
Bottom Line ; Our pick for those who work on the road but don’t want to lug around a full-size office laptop.

samsung.com; $439.

8. Sony Vaio P Series Lifestyle PC



Pros ; At 9.65 by 4.72 inches, it’s the smallest of all the netbooks and slim enough to fit in a jacket pocket. Its oblong shape is stylish, too.
Cons ;The built-in pointer stick that serves as a mouse is almost impossible to control, so you’ll need to add a real mouse to make this work.
Bottom Line ;The VAIO has drawbacks owing to its diminutive size, but its portability and sleek design can’t be beat.

sonystyle.com; $900.


9. Palm Pre



Pros ;Though smaller than a BlackBerry, the Pre still has a big, iPhone-esque screen, a real keyboard, and excellent high-speed Wi-Fi that can locate a restaurant on Google Maps when you type in just a few letters.
Cons ;The keyboard is more cramped than the BlackBerry’s, and for now, the number of cool applications pales in comparison with what’s available for the iPhone.
Bottom Line ;An ideal fusion between the business- and e-mail-ready BlackBerry and the fun-loving iPhone (minus the apps).

palm.com; price unavailable at press time.






Labels: ,

May 13, 2009

သမီးတို့အတွက် ဗုဒ္ဓသာသနာ(၅)



မုသာဝါဒ ဆိုတာကတော့ လိမ်ညာ ပြောဆိုခြင်းကံ လို့ သမီးတို့ သိပြီး ဖြစ်မယ် ထင်တယ်။

လိမ်ညာ ပြောဆိုတာ မကောင်းမှန်းသိပေမယ့် နှုတ်ကနေ လွှတ်ကနဲ ၊လွှတ်ကနဲ အလွယ် တကူ ပြောနေနိုင်တာ မို့ ငါးပါး သီလ ထဲမှာ အကျူးလွန်ဆုံး ကံ လို့တောင် ဆိုရမယ် ထင်တယ်။
မြတ်စွာဘုရား ရှင် ကတော့ သားတော် ရာဟုလာ ကို ဆုံးမရာ မှာ

“ ချစ်သား ရာဟုလာ မုသား ဆိုလျှင် ရယ်ရွှင်ဖွယ်ဖြစ်အောင် ပြောဆိုသော မုသားမျှပင် မပြောဆိုအပ် ”

လို့ ဆိုဆုံးမကြောင်း ဖေဖေ ဖတ်ဖူးတယ်။ မုသာဝါဒ ရဲ့ ဆန့်ကျင်ဘက် က သစ္စာဝါစာ ပါဘဲ သမီးရေ ။ သူတော်ကောင်း ၊သူတော်မြတ် တွေ ဟာ သစ္စာဝါစာ ကို အရမ်း အလေးအမြတ်ပြုကြပါ တယ်။ မြတ်စွာဘုရားရှင် ရဲ့ ဘုရားမဖြစ်မီ ရှေးရှေး က အလောင်းတော် ဘ၀ ဖြစ်စဉ်တွေ ကို သမီးတို့ ဖတ်ဖူးကြမယ် လို့ ဖေဖေ ထင်ပါတယ် ။ အဲဒီ အထဲမှာ မြတ်စွာဘုရား အလောင်း တော် အနေနဲ့ ငါးပါးသီလ မှာ ပါဏာတိပါတ အစရှိတဲ့ သိက္ခာပုဒ်တွေ ကို အကြောင်း အားလျှော်စွာ လွန်ကျူးနိုင်ပေမယ့် (ကျူးလွန်ခဲ့ကြောင်း တွေ့ရပေမယ့်) အခု ပြောနေတဲ့ မုသာဝါဒ သိက္ခာ ပုဒ် ကိုတော့ သူ တစ်ပါး အကျိုးပျက် လောက်အောင် မည်သည့်အခါမျှ လွန်ကျူးခဲ့ခြင်း မရှိ လို့ ဆရာတော် အရှင်ဇနကာဘိဝံသ ရဲ့ ဗုဒ္ဓ၀င် အမေး အဖြေ မှာ ဆိုထားတာ ကို ကြည့်ရင်ဒီ မုသာဝါဒ စောင့်ထိန်းတဲ့ သိက္ခာ ပုဒ် ဟာ အရမ်းအရေးပါတဲ့ သိက္ခာပုဒ် ဆိုတာ သမီးတို့ နားလည် ရမယ်။


ဒီနေရာမှာ သူတစ်ပါး အကျိုးပျက် လောက်အောင် ဆိုတဲ့ စကားကလေး ကို အလေးအနက် သိထား ရ မယ်နော်။

ဖေဖေ တို့ လူ့လောက ကြီးကတော့ “ မုသားမပါ လင်္ကာ မချော ” ဆိုသလို အထိုက်အလျောက် ပြောရတာမျိုး လည်း ရှိ တာပဲ မို့လား ။ တခါက ဖေ့ဖေ့ မိတ်ဆွေ အိမ် သွားလည်ကြတုန်းက ထမင်းစား ခဲ့ပြီးပြီလား ။ ထမင်း ခူးလိုက် မယ်လေ လို့ ပြောတာ ဖေဖေ က စားလာခဲ့ပြီးပါပြီ လို့ ပြောတော့ သမီးငယ် က ဖေဖေ့ ကို နှာခေါင်းရှုံ့ပြီး ပြောင်ပြတယ် လေ ။ ဖေဖေ ဘာလို့ မုသာ ၀ါဒ ကံ ကျူးလွန်ရတာ လဲ လို့ သတိပေးချင်တာ မို့လား။

တခါကလည်း မေမေ က သမီးကြီး အိမ်စာ လုပ်ပြီးပြီလား မေးတာကို တီဗွီကြည့်နေတဲ့ သမီးကြီး က အလွယ် တကူဘဲ ဟုတ်ကဲ့ မေမေ လို့ ဖြေလိုက်တာ မေမေ ကစစ်တော့ မပြီး သေးမှန်းသိလို့ အဆော်ခံ ထိသွားသေးတယ် မို့လား။


အဲဒီလို အလွယ်တကူ ကျူးလွန်နိုင်တဲ့ မုသာဝါဒ ကံတွေ ကကော အပါယ်ကျအောင် အပြစ်ကြီးဖြစ်သလား လို့ ဖေဖေ တို့ ကြည့်ကြရအောင်။


ဒီနေရာမှာ မုသာဝါဒ ကံ ထိုက်စေတဲ့ အကြောင်း (၄) ချက် ကို သမီးတို့ သိထားရမယ် ။


မုသာဝါဒ ကံ အင်္ဂါ(၄)ပါး

(၁) အကြောင်းအရာ က ပြောသလို မဟုတ်ခြင်း

(၂) အမှားသိလိုစိတ် (၀ါ) လိမ်ပြောလိုစိတ် ရှိခြင်း

(၃) လိမ်ပြောခြင်း

(၄) တဖက်လူက အမှားကို နားလည်ခြင်း

အင်္ဂါ၎ပါးစလုံး ပြည့်စုံတာခြင်း အတူတူ အပြစ်အကြီးအသေး ကွာခြားပါတယ်။


မုသာဝါဒ အပြစ် ဖြစ်သော်လည်း တစ်စုံတစ်ယောက် ရဲ့ အကျိုး မပျက်စီးလျှင် အပါယ်လားကြောင်း အမှု (၀ါ) ကမ္မပထ မမြောက်ပါဘူး ။ အကျိုး ပျက်စီး မှသာ ကမ္မပထ မြောက်ပါတယ် ။

“ ထို မုသာဝါဒ သည် သူတပါး ၏ အကျိုး ကို ဖျက်ဆီး မှသာလျှင် ကမ္မပထ အပါယ်လားကြောင်း မကောင်းမှု ဖြစ်၏ ။ အကျိုး ကို မဖျက်ဆီးသော မုသာဝါဒ သည်ကား မုသာဝါဒကံ သာလျှင် ဖြစ်၏ ”

သူတပါး အကျိုးမပျက်စေလို့ အပါယ်မလားဘူး လို့ဘဲ ပြောတာနော်။ မုသာဝါဒ ကံ ကတော့ မုသာဝါဒ ကံ ထိုက်မှာပါပဲနော် ။ ဒါကြောင့် သမီးတို့ အနေနဲ့ မြတ်စွာဘုရား ရှင်ရဲ့ ဆုံးမမြွက်ကြား စကား လို ရယ်ရွှင်ဖွယ်ဖြစ်အောင်ပင် လိမ်ညာ ပြောဆိုခြင်း ကို မလုပ်မိအောင် အတတ်နိုင်ဆုံး(ရှောင်နိုင်သမျှ) ရှောင်ရမယ် ။ အလိုက် အထိုက် ဖြစ်အောင် ပြောတာတွေ ၊ အလွယ် ပြောတာ တွေ ၊ ကိုလည်း နည်းနိုင်သမျှ နည်းအောင် (သတိတရားကလေး လက်ကိုင်ထားပြီး) ရှောင် ရ မယ် ။


အထူးအားဖြင့် တော့ တဖက်သား အကျိုး စီးပွား ပျက်စီးစေသည်အထိ လိမ်ညာပြောဆိုခြင်း ကိုတော့ လုံးဝ(လုံးဝ) မလုပ်မိအောင် ရှောင်ရမယ်နော် ။


ဒီနေရာ မှာ သမီးက မေးမယ်ပေါ့ ။ မေမေ က စာလုပ်ပြီးပြီးလား လို့ မေးတာ ကို မပြီးသေးဘဲနဲ့ (ပါးစပ်ကဖြေတာ မဟုတ်ဘဲနဲ့) ခေါင်းငြိမ့်ပြလိုက်တာ မျိုး ဆိုရင်ကော မုသာဝါဒ ကံ ထိုက်ပါ့မ လား ။ လို့ ။


မုသားစကား လို့ ဆိုပေမယ့် နှုတ်အားဖြင့် ဘဲ ဖြစ်ဖြစ် ၊ စာအားဖြင့်ဘဲ ဖြစ်ဖြစ် ၊ ကိုယ်လက် လှုပ်ပြ၍ဘဲ ဖြစ်ဖြစ် ၊ လိမ်ညာမှုမှန်သမျှဟာ မုသာဝါဒ ဖြစ်တယ် လို့ သမီးတို့ မှတ်ထားရပါမယ် ။ မဟုတ်မမှန်ဘဲ ခေါင်းညိမ့် ၊ ခေါင်းခါ ပြသ ခြင်းဟာ လည်း မုသာဝါဒ ဖြစ်ပါတယ် ။ ဘာလို့ ၀ဇီကံ ဒုစရိုက်ထဲ ထည့်ထားရတာ လဲ ဆိုတော့ နှုတ်က ပြောရသော မုသားက များလို့ ပါပဲကွယ်။

အောက်မှာ ဖော်ပြထားတဲ့ စကားရှစ်ခွန်းကတော့ မုသာဝါဒ ကံ ထိုက်စေတယ် လို့ မှတ်ထားပေးပါ။

လူယုတ်မာတို့၏စကား (၈)ခွန်း (အနရိယဝေါဟာရ)

၁။ မမြင်ဘဲ မြင်၏

၂။ မကြားဘဲကြား၏

၃။ မတွေ့ဘဲ တွေ့၏

၎။ မသိဘဲသိ၏

၅။ မြင်လျက် မမြင်

၆။ ကြားလျက်မကြား

၇။ တွေ့လျက်မတွေ့

၈။ သိလျက်မသိ။




Labels: ,